Friday, January 8, 2010

ချစ်သက်သေ

ချစ်သူအတွက်......
ချစ်တယ်ဆိုတဲ့
စကားကိုပလီပလာ
တီတီတာတာနဲ့လည်း
မပြောချင်ဘူး....
ရင်မှပေါက်ဖွား
အချစ်များအား
ဖွင့်ဟရွတ်ဆို
ရွှေနားတော်သွင်း
ဆိုအပ်ခြင်းက
ငါ့မင်းကိုအရမ်း
ချစ်တယ်......
သစ္စာ၊မေ့တ္တာ
ချစ်သဒ္ဒါတွေကို
ဆန့်ထုပ်ငင်လျှက်
ကြိုးမျှင်တစ်ချောင်း
အသွင်ပြောင်း၍
ခိုင်မာရစ်ချည်
ဖြစ်သည်က
သံယောဇဉ်
ရယ်ပါ.....
သံသယစိတ်ကင်း
အပြစ်မနှင်ပဲ
တစ်ဦးကမေ့တ္တာ
တစ်ဦးကအကြင်နာ
ဖြူစင်ပေးအပ်
ပေါင်းဖက်ခိုင်ခိုင်
စိတ်မယိုင်ပဲ
တစ်ဦးတစ်ယောက်
ဆိုသလောက်အောင်
အာဒံ၊ဧ၀သက်သေ
ပြကျရအောင်နော်......

နေမင်းရဲ့နောက်ကွယ်ကညမှောင်ထု

Tuesday, December 15, 2009

ရင်မှသစ္စာ

င့ါအချစ်တွေကို....နင်ရိုက်ချိုးခဲ့တယ်
ငါ့မေတ္တာတွေကို....နင်နဲ့ဝေးရာမှာသိုလ်ဝှက်လက်လျှူရူ့ခဲ့တယ်
ငါဟာမင်းအတွက်ဘာမှမဟုတ်တဲ့သူတစ်ယောက်ဆိုတာ
ငါသိနေပေမဲ့ငါဟာအဆုံးမဲ့ရင်ခွင်ကြီးနဲ့ဆက်လက်မိုက်ရူးရဲ
စံနေသေးတယ်........
ငါ့အချစ်ငါမေတ္တာတွေဟာမင်းအတွက်တန်ဖိုးမရှိတဲ့အရာလေးတစ်ခု
ဖြစ်ချင်ဖြစ်မယ်.......ငါ့အတွက်တော့မင်းကဘာနဲ့မှလှဲလှယ်လို့မရတဲ့
အမြတ်နိုးဆုံးတစ်ခုရယ်ပါ...
ဒါတွေကိုမင်းသိချင်မှသိမယ်....မင်းသိအောင်လည်းငါလုပ်မှာမဟုတ်ဘူး
ဘာလို့လည်းဆိုတော့ငါကမင်းကိုချစ်တဲ့သူလေ မင်းကငါကိုချစ်တဲ့သူမှမဟုတ်တာ
ငါနဲ့ထပ်တူထပ်မြတ်ခံစားပေးနိုင်မယ်ဆိုတာမဖြစ်နိုင်ဘူးဆိုတာသိနေလိုပဲပေါ့....
ဘာပဲဖြစ်ဖြစ်ငါမင်းကိုအရမ်းချစ်တယ် ငါမေ့မရတာလည်းင့ါကိုယ်ငါအသိဆုံးမို့
နာကျင်နေပေမဲ့ အဲဒီနာကျင်မူကိုစွဲလမ်းစွာ ခုန်မင်နေမိတယ်.....
ဘယ်သူကိုမှအပြစ်တော့မတင်ချင်ပါဘူး ငါ့နှလုံးသားနဲ့ ကံကြမ္မာကိုတော့အပြစ်တင်မိတယ်
ဘာလိုများငါ့အဲဒီလိုဖြစ်နေရတာလဲ.....ပေါ့...၀ဋ်ဆိုရင်လည်းဒီဘ၀အတွက်ပဲဖြစ်ပါစေပေါ့...
အိမ်မက်ဆိုရင်လည်းနိုးထပါစေတော့......မင်းအနားမှာလွင့်ပျံနေတဲ့ ငါချစ်လိပ်ပြာလေးက
ငါ့မမုန်းနိုင်သ၍တော့ရစ်ဝဲကာနေနေဆဲပဲ......

အချစ်ဆုံးသူငယ်ချင်းရဲ့ခံစားမူလေးပါသူရေးထားတာလေးပြန်လည်ကူယူရေးသားခြင်းပါ



Thursday, December 10, 2009

ဒီဇင်ဘာ

အေးရိပ်ခြုံလွှမ်း
ထိုညချမ်းမျိုး
ပြန်လည်တမ်းတ
အောင့်မေ့မီတယ်
ဒီဇင်ဘာရဲ့ညတစ်ည၀ယ်
နှစ်ကိုယ်ယှဉ်တွဲ
အပြုံးချင်းဖလှယ်
နွေးထွေးယုယ
သခင့်ရင်ခွင်
ပြန်လည်တမ်းတ
လွမ်းမီတယ်...
ဒီတစ်နှစ်တော့
တစ်ကိုယ်ရည်ထဲ
အေးချမ်းလည်းပဲ
ခေါင်ရည်ချိုချို
အဖေါ်ပြုလို့
အဝေးရောက်သူ
ကိုယ်တစ်ယောက်တည်း
သခင်ရင်ခွင်
မှန်းဆတွေးရင်း
ဒီဇင်ဘာရဲ့
နေ့ရက်တွေကို
အားမာန်တင်းကာ
ကျော်ကာဖြတ်လို့
ချစ်သူအနား
အမြန်ရောက်ဖို့
ခရစ္စမတ်ည၀ယ် ဆုတောင်းမယ်....

နေသူရိန်..........

Saturday, December 5, 2009

အကြွေပန်းပေမဲ့မြေနန်းစံဝံ့သူ

ချစ်သူရေ....
ငါဟာမချွေခင်ကတည်းက
ကြွေဘူးခဲ့သူပါ.....
အသည်းမှာနာကျင်
ဒဏ်ရာရခဲ့ဖူးတာလည်း
ဒီတစ်ခါနဲ့ဆို အကယ်ဒမီ
နှစ်ထပ်ကွမ်းနဲံ့ အသဲကြွမ်း
သူကြီးပေါ့.......
မာယာတွေများတဲံ့ မင်းတိုတွေ
ကြောင့် အသက်ပေးလှူ စတေး
သူတွေလည်းရှိကြပါတယ်...
အချစ်စစ်ရဲသဘေား
မဖြောင့်ဖြူးဘူးဆိုတာ
ငါလက်ခံထားပေမဲ့
ဣိထ္တိယခေါ်မိန်းမတို့သည်
နဒီမြစ်ကဲ့သို့ဝင်္က ကောက်ကွေ့
သတဲ့......
ဆိုတဲ့စကာလေးကိုတော့
ငါလက်ခံရတော့မလို့ဖြစ်နေပြီး....

ဆောင်းနှင်း၏ခံစားမူ
........................................................................

Wednesday, November 11, 2009

အလှကြွယ်သူလေးရဲ့ကိုယ်ရံတော်

တိမ်ညွတ်မူးအောင်....ရူးအောင်လုပ်သူ
မင်းအလှကို.....ကဗျာမဖွဲ့
စာမဖွဲ့လို့.....မမှီသောကဗျာ
မညီသောကာရံ...နဘေထပ်တဲ့
စာစကားလုံးနှင့်..နိုင်းရှင်မပြဘူး
အရမ်းလှတယ်...........
နုတ်တစ်ရာမှာ...စာတစ်လုံးလို့
ဆိုရိုစကား.....မင်အလှကြောင့်
မှားယွင်းသွားရင်....စာဆိုပညာရှိ
မဟာသုခမိန်...စိတ်တော်ညိုးလည်း
မတတ်သာဆုံး....ခံရအုံးမယ်
ချစ်သူရယ်...........
ပန်းချီမွန်းချယ်...ဆေးကျရုပ်ထင်
ပန်းချီကျော်လည်း.....မင်းအလှကို
ဆေးရောင်မှုံချယ်....ဆရာ‘စား‘‘မချန်
တတ်သည့်ပညာ......အကုန်သုံးလည်း
မင်းရဲ့အလှ......ပေါ်လွင်မူကြောင့်
ဆေရောင်သာဆုံး.......အလှဆုံးတော့
မဖြစ်နိုင်ခဲ့ဘူး.......ချစ်သူရယ်.....
ချစ်သူရေ.....မင်းအလှကို
ဖန်တီးပုံဖော်...ပညာကျော်နှင့်
အနုလှရေး.....စာရေးဆရာတို့
လက်မှိုင်ထွေချ.....ငေးငိုင်ရအောင်
လှပါ့ပေတယ်.....ချစ်သူရယ်.....
ထိုထိုအလှ.....ငါ့မရလည်း
အလှကြည့်ရုံ....ကြည်နူးရုံဖြင့်
ကျေနပ်ပ်တယ်....သို့သေါ်လည်းပဲ
ချစ်သူအလှ...အစဉ်ထာဝရ
လှပဖို့ရေး.....မျှော်ကာတွေးလို့
ချစ်သူအနား....တပါးမခွါ
ရန်အပေါင်းရှင်း..သုခခံစား
အပျော်ဆက်သ.....လိုတရစေဖို့
ကိုယ်ရံတော်ကြီး.....လုပ်ပြစေလား
ချစ်သူရယ်.......

.......နေသူရိန်......

Tuesday, November 10, 2009

နှလုံးသံစဉ်

စိတ်ရဲ့စေရာ....တစ်ခါကပေါ့
နှလံ့ု့းသားအလိုလိုက်.....အကြိုက်ဆောင်ဘူးတယ်
ဒါပေမဲ့လေ....စိတ်အလိုလိုက်
နှလုံးသားနဲ့ရင်းပြီး....ချစ်ခဲ့လေတိုင်း
ကြေကွဲဖို့ပဲဖြစ်ဖြစ်လာတယ်......

အချစ်ဆိုတာ...ရုပ်ရည်ရုပကာ
အပေါ်ယံအလှ.....မသက်ဆိုင်ဘူး
စိတ်ရဲ့စေရာ....အလှရှာတာ
စိတ်ရဲ့အကြိုက်....အလှဆောင်တာ
နှလုံးသားကို....တစ်ခါမှမေးမကြည့်မိဘူး....

အခုတော့....နှလုံးသာစေရာ
စိတ်ကလိုက်ပြီး...အချစ်ပုံအော
သူကိုပေးတော့.....ငြင်းရက်လေတယ်
ချစ်သူရယ်.......

နေသူရိန်

Sunday, November 8, 2009

လက်ဆောင်မွန်

မင်းပျော်ဖို့အတွက်
ငါ့ဟာ......အဝေးထွက်ပြေးခဲ့ပြီး....
မင်းငါ့အတွက်ရေရာတဲ့ခံစားချက်မျိုး
မရှိခဲ့လို့.......ငါ့ဟာသူရူးတစ်ယောက်
ဖြစ်ခဲ့တယ်....
ငါ့ခံစားချက်တွေမင်းသိအောင်
မဖေါ်ပြခဲ့ပေမဲ့........အသဲမှာဆူးရှ
ဒဏ်ရာအထပ်ထပ်နဲ့.....အခုငါ့ငိုနေရပြီး...
တကယ်တော့မျက်ရေတွေမကျချင်ခဲ့ပါဘူး
ငါ့အချစ်ကံကြမ္မာ....ဖန်လာလေတော့
ငါ့အချစ်တွေက ရေပေါ်အရုပ်ရေး
သဲပေါ်ရေမတင်သလိုမျိုးပေါ့......
ဒါပေမဲ့ငါကျေနပ်ပါတယ်ချစ်သူ
မင်းကတစေ့၊တစောင်းမငဲစောင်းပဲ
မချစ်ခဲ့ပေမဲ့၊ငါ့အချစ်တွေက
ကမ္ဘာတည်မျှ......အရောင်မပြောင်း
မဟောင်းပါဘူး.....
ဆောင်းနှင်း........သူရိန်အတွက်လက်ဆောင်.....