Wednesday, November 11, 2009

အလှကြွယ်သူလေးရဲ့ကိုယ်ရံတော်

တိမ်ညွတ်မူးအောင်....ရူးအောင်လုပ်သူ
မင်းအလှကို.....ကဗျာမဖွဲ့
စာမဖွဲ့လို့.....မမှီသောကဗျာ
မညီသောကာရံ...နဘေထပ်တဲ့
စာစကားလုံးနှင့်..နိုင်းရှင်မပြဘူး
အရမ်းလှတယ်...........
နုတ်တစ်ရာမှာ...စာတစ်လုံးလို့
ဆိုရိုစကား.....မင်အလှကြောင့်
မှားယွင်းသွားရင်....စာဆိုပညာရှိ
မဟာသုခမိန်...စိတ်တော်ညိုးလည်း
မတတ်သာဆုံး....ခံရအုံးမယ်
ချစ်သူရယ်...........
ပန်းချီမွန်းချယ်...ဆေးကျရုပ်ထင်
ပန်းချီကျော်လည်း.....မင်းအလှကို
ဆေးရောင်မှုံချယ်....ဆရာ‘စား‘‘မချန်
တတ်သည့်ပညာ......အကုန်သုံးလည်း
မင်းရဲ့အလှ......ပေါ်လွင်မူကြောင့်
ဆေရောင်သာဆုံး.......အလှဆုံးတော့
မဖြစ်နိုင်ခဲ့ဘူး.......ချစ်သူရယ်.....
ချစ်သူရေ.....မင်းအလှကို
ဖန်တီးပုံဖော်...ပညာကျော်နှင့်
အနုလှရေး.....စာရေးဆရာတို့
လက်မှိုင်ထွေချ.....ငေးငိုင်ရအောင်
လှပါ့ပေတယ်.....ချစ်သူရယ်.....
ထိုထိုအလှ.....ငါ့မရလည်း
အလှကြည့်ရုံ....ကြည်နူးရုံဖြင့်
ကျေနပ်ပ်တယ်....သို့သေါ်လည်းပဲ
ချစ်သူအလှ...အစဉ်ထာဝရ
လှပဖို့ရေး.....မျှော်ကာတွေးလို့
ချစ်သူအနား....တပါးမခွါ
ရန်အပေါင်းရှင်း..သုခခံစား
အပျော်ဆက်သ.....လိုတရစေဖို့
ကိုယ်ရံတော်ကြီး.....လုပ်ပြစေလား
ချစ်သူရယ်.......

.......နေသူရိန်......

2 comments:

  1. ကဗျာလားစာလား......ဟ........ဖတ်ရတာတော့အတော်ရှည်သလို
    ခေါင်းတွေတောင်မူးသကွ.....တစ်လုံးစာတော့သေချာသွားပြီ.......
    ခင်လျှက်......ဆောင်းနှင်း......ဝေ(သို့)ဝေး......ဟေးဟေး

    ReplyDelete
  2. ကိုယ်ရံတော် တပ်မှူးလေး ပါနော်
    ဟုတ်လား ကိုသူရိန်
    ပန်းချီဆွဲတတ်လို့လား၁ပုံလောက်ဆွဲပေးနော်
    ခုထဲကဘွတ်ကင်လုပ်လိုက်ပြီ

    ReplyDelete